Ko Htike
February 27, 2025
လူ့အသိုင်းအဝိုင်းမှာ အချိန်ဆိုတာကိုအရေးကြီးတဲ့အရာတစ်ခုအဖြစ်ယုံကြည်လက်ခံထားကြတယ်။ အချိန်ဟာ လူသားတွေအတွက်တန်ဖိုးထားမှု (Value System)တစ်ခုအဖြစ်ဖန်တီးပေးခဲ့တယ်။ လက်တွေ့ဘဝမှာအချိန်ဟာ အရာအားလုံးကိုထိန်းချုပ်သွားတာဖြစ်တယ်။ သူဟာသက်ရှိလဲမဟုတ်သလို သက်မဲ့လဲမဟုတ်ဘူး။ လူ့ဘဝရဲ့ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ကျရှုံးခြင်း၊ အောင်မြင်ခြင်းတွေဟာ အချိန်ရဲ့စောင့်ကြည့်မှုတွေအောက်မှာတည်ရှိဖြစ်ပျက်နေကြတယ်။ အသိဉာဏ်ရှိတဲ့လူသားတွေကတော့အချိန်ကိုတန်ဖိုးရှိရှိအသုံးချကြတယ်။ အချိန်ရဲ့ကုန်ဆုံးမှု၊စောင့်ကြည့်မှု၊ ထိန်းချုပ်မှုတွေကနေလွတ်မြောက်အောင်လုပ်ပြီး ကိုယ့်ဘဝရဲ့လိုအင်ဆန္ဒတွေကိုအကောင်အထည်ပေါ်အောင် ကြိုးစားကြတာဖြစ်တယ်။ ဒါကြောင့် အချိန်ဟာထိန်းချုပ်သူ မဖြစ်နိုင်ဘူး၊ လူသားတွေကသာ အချိန်ကို တန်ဖိုးထားတဲ့နည်းနဲ့ တိုက်ရိုက်ထိန်းချုပ်နေကြတာဖြစ်ပါတယ်။